Telenor ဆင်းမ်ကတ်များ စက်တင်ဘာလတွင် ရောင်းချမည်ဟု အတည်ပြု

8/05/2014  ဝင်းကမ္ဘာကျော်


ရန်ကုန် သြဂုတ် ၃

 ယခုနှစ် စက်တင်ဘာလအတွင်း Telenor Myanmar က ဆင်းမ်ကတ်များ စတင် ရောင်းချ မည်ဟု ၄င်းကုမ္ပဏီ ၏ ပြန် ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြောကြားသည်။


ယင်းဆင်းမ်ကတ်များတွင် မိုဘိုင်းလ်အင်တာနက်စနစ် တစ်ခါတည်းပါဝင်ပြီး Video Call, Voice Mail, SMS စသည့် ဝန်ဆောင်မှုများကို ထည့်သွင်းထားကာ ဈေးနှုန်း ချိုသာသော ဟန်းဆက်များကိုလည်း ရောင်းချပေးရန် စီစဉ်ထားကြောင်း သိရ သည်။


''ကျွန်တော်တို့ ဆင်းမ်ကတ်တွေကို စက်တင်ဘာလအတွင်း မှာစတင်ရောင်းချမှာပါ။ ရောင်းချမယ့် ရက်ကြေညာတဲ့နေ့မှာ Internet ဝန်ဆောင်မှုနှုန်းကို ဘယ်လို ကောက်မလဲဆိုတာ အတိ အကျ ထုတ်ပြန်ပေးမှာပါ။ ဖုန်းခေါ်ဆိုခက တစ်မိနစ်ကို ၂၅ကျပ် နှုန်းဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။


အဆိုပါ ဆင်းမ်ကတ်များကို လိုင်စင်ရရှိပြီး ရှစ်လအကြာဖြစ်သည့် စက်တင်ဘာလတွင် စတင် ရောင်းချ မည်ဖြစ်ပြီး 2G,3G နှစ်မျိုးအသုံး ပြုနိုင်၍ ဝယ်ယူရာတွင်လည်း မှတ်ပုံတင်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရ သည်။ အော်ရီဒူးဆင်းမ်ကတ်များကို ဇူလိုင်လကုန်ခန့်က နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် စတင်ရောင်းချခဲ့ပြီး ရန်ကုန်မြို့၌ ယမန်နေ့က တရားဝင်စတင်ရောင်းချခဲ့သည်။


ချယ်ရီ
The Union Daily

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment