MPT အချင်းချင်း ခေါ်ဆိုမှု တစ်မိနစ် ၂၅ ကျပ်သို့ လျှော့ချရန် စီစဉ်

8/ 05/2014  ဝင်းကမ္ဘာကျော်  

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT)က ယင်းတို့၏ မို ဘိုင်းဖုန်း အချင်းချင်း ခေါ်ဆို မှုကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် စီစဉ် လျက်ရှိပြီး အတည် ပြုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။


‘‘တစ်မိနစ်ကို ၂၅ ကျပ် အထိ လျှော့ပေးဖို့ အတွက် စဉ်းစား နေတာကတော့ ကြာပါပြီ။ ဘယ်တော့ လောက် စပြီး ပေးဖြစ်မယ်ဆိုတာကတော့ ဆွေးနွေးနေတုန်းပါပဲ’’ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်း က ပြောသည်။


လက်ရှိတွင် ပြည်ပဆက် သွယ်ရေး ကုမ္ပဏီဖြစ်သည့် အူရီး ဒူးဆင်းကတ် များကို ဇူလိုင်လ ၂၉ ရက်က မန္တလေးနှင့် နေပြည် တော်တို့တွင် စတင်ရောင်းချပေး ခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့သို့ စတင်ရောင်း ချပေးခဲ့သည့် အူရီးဒူးဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အ ခြားကွန်ရက်သို့ ခေါ်ဆို ပါက တစ် မိနစ်လျှင် ၃၅ ကျပ်နှုန်း ကျသင့် မည်ဟု ထုတ်ပြန်ထားသည်။


‘‘ကျွန်တော်တို့အနေနဲ့ တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြိုင် ပြီး လုပ်ရမှာဖြစ်တဲ့အတွက် အ ရည်အသွေး ရော ဈေးနှုန်းကိုပါ သူတို့ထက်သာအောင် လုပ်သွား ဖို့ ရှိပါတယ်’’ ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု နှင့် လက်မှတ်ရေးထိုးပွဲတွင် ဖြေ ကြားထားသည်။


မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် အူရီးဒူးဆင်းမ်ကတ် များ စတင်မရောင်းချမီ ရက်ပိုင်း အတွင်း မိမိ၏ မိသားစုဝင်၊ သူ ငယ်ချင်း (သို့) နှစ်သက်သော ဖုန်းနံပါတ် သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်သည့် Friends and Family Service ၀န်ဆောင်မှုကို စတင်၍ ပေးခဲ့သော်လည်း တစ်လလျှင် ၂၅၀၀ ကျပ် ပေးရမည်ဖြစ်သောကြောင့် အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုသူ အများစု နှစ်သက်မှုမရှိ ခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားခဲ့ကြသည်။


မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်း အချင်းချင်း ခေါ်ဆိုမှု လျှော့ချရန်အတွက်ပင် ညှိနှိုင်းနေ ဆဲဖြစ်ပြီး အခြားအော်ပရေတာ ဖုန်းလိုင်းများနှင့် ခေါ်ဆိုမှုကို မည် မျှသတ်မှတ်မည်ကို မသိရသေး ပေ။
7Day Daily


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment