Kingo Root Version 1.2.4

06/10/2014

Kingo Root Version 1.2.4 လေး တွေ့လို့ တင်ပေးလိုက်တယ်ဗျာ..။ ကျုပ်ဖြင့် ဒီကောင် ကြားတောင် မကြားဖူးသေးဘူး..။ မြင်လည်းမမြင်ဖူးဘူး..လွင်မင်းဗိုလ်( နည်းပညာ ) ဆိုက်လေးမှာ တွေ့လို့ ဒေါင်းကြည့်
ပြီး အသုံးလိုသူများအတွက် ယူလာခဲ့တယ်..။ အတော်လေးတော့ အစွမ်းထက်ပုံရပါတယ်..။ တရုတ်ပြည်က
ထုတ်လုပ်တဲ့ ဆော့ဖ်ဝဲလို့ ထင်ပါတယ်..။ များသောအားဖြင့် တရုတ်ပြည်ထုတ်ဆော့ဖ်ဝဲတွေက များပါတယ်။
Root ဆော့ဖ်ဝဲနှင့် ပတ်သက်လာရင်ပေါ့ဗျာ..။


ကဲ ကိုလွင်မင်းဗိုလ်ရေးသားထားပုံလေးကိုလည်း ရှုစားကြည့်ပါဦး...။

Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက် ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။ 
Lenovo Tablet Android 4.4.2 ကို Root ဖေါက်ပြီးရင် မြန်မာစာရဖို့အတွက် Zawgyi Changer ၂-ခုကို ဆက်ပြီး ထည့်ပေးမှ အဆင်ပြေပါတယ်..။ လိုအပ်တဲ့ဆော့ဝဲလ် apk လေးတွေကို အောက်ကလင့်တွေမှာ တစုတစည်း ပေါင်းထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများ ကတော့ အောက်က လင့်တွေကနေ ဒေါင်းယူပြီး.. လုပ်နည်းနဲ့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ apk လေးတွေက 10.5 MB ရှိပြီး.. Kingo Root တူးကတော့ 18 MB ရှိပါတယ်..။
 အပြည့်အစုံကိုတော့ http://lwinminbo.blogspot.com/2014/10/kingo-root-124-final-android-442-kingo.html
ဒီဆိုက်မှာဘဲ ကြည့်လိုက်ပါနော်...။ 
Root လုပ်တာကတော့ ဟိုတုန်းကလို ခက်တော့တာမှ မဟုတ်တာ..ဖောင့်ထည့်တာလည်း မခက်ပါဘူး...
ဒီပလိုပါ ဆရာတွေက လွယ်အောင်လုပ်ထားတာဘဲလေ...။. ကျုပ်လည်း ဖောင့်ထည့်နည်း Root လုပ်နည်း
လေးတွေ တင်ပေးဖူးပါတယ်...ဘာမှ မခက်ဘူး...ကဲ အောက်မှာ ဒေါင်းပါ...
ကျုပ် သူ့ဆိုက်က ဖောင့်လေးတွေရောဒေါင်းလော့ချပြီးတော့ Root ဆော့ဖ်ဝဲနှင့်တစ်ကွ တင်ပေးထားတယ်.။
ပေါင်းထည့်ပေးထားတယ်ပေါ့ဗျာ...စုစုပေါင်း 28 MB လောက်ပါဘဲ...လိုင်းကောင်းရင် မများပါဘူး...
ဒေါင်းလိုက ဒေါင်းထားပေါ့....Root မှာကတော့ ကိုယ်အကြိုက်ဆုံးကတော့ဖြင့်..VRoot ပေါ့ဗျာ..Vroot မတိုးရင်တော့ဖြင့် ဒါလေးနဲ့လည်း အဆင်ပြေမယ်ထင်ပါတယ်....။
 
 
မူရင်းဆိုက်လင့်..
 
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment