Android 4.3 JellyBean Samsung Galaxy S3 I9300 ကို Root လုပ်ခြင်း

09/10/2014

CBox ကနေ မေးမြန်းအကူအညီတောင်းထားသူ(၂) ယောက်အတွက်နဲ့ ကျန်လိုအပ်
သူများပါ Root လုပ်နိုင်အောင် Android 4.3 JellyBean Samsung Galaxy S3
Root လုပ်ခြင်းကို ပုံများနဲ့တကွ တင်ပေးလိုက်ပါတယ်။မအားလပ်တဲ့အတွက် အခုမှ
တင်ပေးနိုင်တာကိုနားလည်ပေးပါ။


ဒီနည်းဖြင့် Samsung Galaxy S3 သာမက အခြား Android 4.3 Version ရှိတဲ့ Tab,
Android Phone များကိုပါ Root လုပ်နိုင်ပါတယ်။
Root လုပ်ရန် အတွက် အောက်ပါ ဆော့ဝဲ (၃) ခုကိုအရင်ဆုံး ဒေါင်းလုပ်ယူထားပါ။

1.Odin307 (1.15 Mb)   DOWNLOAD
2.CF-Auto-Root-m0-m0xx-gti9300.tar.md5(18.4 Mb)  DOWNLOAD
3.SAMSUNG_USB_Driver_for_Mobile_Phones (18.6 Mb) DOWNLOAD

ပထမဦးဆုံး SAMSUNG_USB_Driver_for_Mobile_Phones ကို အင်စတောလုပ်ပါ။
အင်စတောပြီးရင် Root လုပ်ခြင်းကို စတင်နိုင်ပါပြီ။

(၁)ဖုန်းရဲ့ Settings>>About device>>Developer options>>USB Debugging
    ကိုအမှန်ခြစ်ပေးပါ။



(၂)အမှန်ခြစ်ပေးပြီးရင် ဖုန်းကို ပိတ်လိုက်ပါ(Switch Off)။
    Volume down + Home + Power ကိုပြိုင်တူနှိပ်ပြီး ပေါ်လာတဲ့ Screen မှာ
    Volume up ကိုနှိပ်ပြီး Download Mode ကိုဝင်လိုက်ပါ။



(၃)Odin 3.07 ကို Run as Administrator ဖြင့် run ပါ။
    ဖုန်းကို USB Cable(Original USB Cable)  ကြိုးဖြင့် ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
    စက်မှာဖွင့်ထားတဲ့ Odin ဆော့ဝဲရဲ့ ID:COM status မှာ အပြာရောင်(Blue) ဖြစ်
    လာတဲ့ အထိ စောင့်ပါ။



(၄)Odin မှ Auto Reboot နဲ့ F.Reset Time (၂)ခုကိုသာ အမှန်ခြစ်ပေးထားပါ။
(၅)ပြီးရင် Odin မှ PDA button ကိုကလစ်ပြီး ဒေါင်းလုပ်ယူထားတဲ့ ......
    CF-Auto-Root-m0-m0xx-gti9300.tar.md5 ဖိုင်ကိုရွေးပေးပါ။


(၆)ဖိုင်ရွေးပေးပြီး Start ကိုကလစ်ပါ။
(၇)Odin ရဲ့ ညာဘက်အပေါ်ဆုံးမှာရှိနေတဲ့ အကွက်လေးမှာ အပြာရောင်ဖြစ်လာပြီး
    RESETI စာတန်းပေါ်လာမယ်။
    ပြီးရင် RESTI စာတန်းနေရာမှာ PASSI ဆိုတဲ့  အစိမ်းရောင်စာတန်းပေါ်လာပြီး ဖုန်းက Rebbot
    ကျပါမယ်။




(၈)ဖုန်းကို ကွန်ပြူတာမှ ပြန်ဖြုတ်လိုက်ပါ။
    ဖုန်းပြန်ပွင့်လာတဲ့အခါ Screen မှာအသစ်ရောက်လာတဲ့ Root Ckecker Basic ကို
    ကလစ်ပြီး Root Result ကိုကြည့်နိုင်ပါတယ်။



အားလုံး... အဆင်ပြေပျော်ရွှင် ငြိမ်းချမ်းကြပါစေ

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment