တယ်လီနောက ခေါ်ဆိုခ ၂၅ ကျပ်ထက် မပိုစေရန် စီစဉ်သွားမည်ဟုဆို

8/6/2014

မိုဘိုင်းဖုန်းခေါ်ဆိုခများကို မည်သည့်ကွန်ရက်မဆို တစ်မိနစ်လျှင် ၂၅ ကျပ်ထက်မပိုစေဘဲ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ဆင်းမ်ကတ်တစ်ကတ်လျှင် ငွေကျပ် ၁၅၀၀ ထက် ပိုမရောင်းစေရန်လည်း ကြိုတင်၍ စီစဉ်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က ကတိပြုပြောကြားလိုက်သည်။
‘‘ကျွန်တော်တို့ရဲ့ မိုဘိုင်းကွန်ရက်ကနေ ဘယ်ကွန်ရက်ကိုမဆို ၂၅ ကျပ်ထက် မပိုစေဘဲခေါ်ဆိုနိုင်မှာဖြစ်ပြီး ၁၅၀၀ ကျပ်ထက်ပိုရောင်းတာမျိုးလည်း မရှိအောင်လုပ်သွားပါမယ်’’ ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က သြဂုတ် ၄ ရက်တွင် ပြုလုပ်သည့် Net Monday ပွဲ၌ ကတိပြုပြောကြားလိုက်သည်။စက်တင်ဘာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပေးမည့် တယ်လီနောအနေဖြင့်  မိုဘိုင်းကွန်ရက်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင် 3G ကွန်ရက်ဖြင့် ဖြန့်ကြက်သွားမည်ဖြစ်ပြီး အခြား နယ်မြို့များတွင် 2G ကွန်ရက်ဖြင့်  ဖြန့်ကြက်သွားမည်ဖြစ်သည့်အ တွက် ၎င်းတို့၏ ဆင်းမ်ကတ်များကို မည်သည့် GSM ဟန်းဆက်ဖြင့်မဆို အသုံးပြု၍ ရနိုင်မည်ဖြစ်ကြောင်း မစ္စတာ Petter Furberg ကဆိုသည်။‘‘မိုဘိုင်းကွန်ရက်တွေက လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်ဖို့ လိုအပ်ပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဆင်းမ်ကတ်တွေကို 2G၊ 3G GSM ဟန်းဆက်အားလုံးနဲ့ အသုံးပြုလို့ရအောင် လုပ်ပေးသွားမှာဖြစ်ပါတယ်’’ဟု မစ္စတာ Petter Furberg ကပြောသည်။
တယ်လီနောအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်များကို  စတင်ဖြန့်ချိသည့်အချိန်တွင် လိုသလောက် ၀ယ်ယူနိုင်စေရန် ဆင်းမ်ကတ်အရေအတွက် သန်း ၃၀ အထိ ဖြန့်ချိပေးသွား မည်ဖြစ်ပြီး ၀န်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို စက်တင်ဘာမတိုင်မီ ကာလအတွင်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Ref & Credit: 7 Day News Journal
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment