ကွန်ပျူတာစ်လုံး



ယခုမှ ကွန်ပျူတာတစ်လုံးကို စတင်တပ်ဆင်ချင်သူများအတွက်ပဲဖြစ်ဖြစ်၊ ကွန်ပျူတာအတွင်းမှာ ဘယ်လိုမျိုးအရာတွေ ပါဝင်ဖွဲ့စည်းထားတယ်ဆိုတာကို မသိသေးတဲ့ လူငယ်များအတွက်ပဲဖြစ်ဖြစ် ကွန်ပျူတာစ်လုံတပ်ဆင်တော့မယ်ဆိုရင် အဓိကမပါမဖြစ် ပါဝင်ရမယ့် အစိတ်အပိုင်းတွေအားလုံးကို ဗဟုသုတဖြစ်စေခြင်းလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

Computer Case

ကွန်ပျူတာမှာ System မှာ ပါဝင်တဲံပစ္စည်းတွေအားလုံးကိုထည့်ဖို့ စနစ်တကျ တည်ဆောက်ထားတဲ့ box ကိုခေါ်ဟေ၏၀ါ်တာဖြစ်တယ်။ အဓိကအားဖြင့်တော့ ကွန်ပျူတာ hardware ပိုင်းဆိုင်ရာအားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေရန်အတွက် စုစည်းထိန်းသိမ်းပေးထားတဲ့အရာ တစ်ခုဖြစ်ပါတယ်။

CPU

ကွန်ပျူတာက အချက်အလက်တွေကို မှတ်နိုင်တဲ့နေရာဖြစ်တယ်။ ကွန်ပျူတာရဲ့ ဦးနှောက်လို့လည်း
တင်စားခေါ်ဝေါ်ကြတယ်။ အရှည်ကတော့ Central Processing Unit ကို ခေါ်ဝေါ်တာပါ။ ကွန်ပျူတာရဲ့ လက်ရှိလုပ်လက်ကိစ္စတွေ အားလုံးကို ခဏတာအတွင်း မှတ်သားထားတဲ့အရာဖြစ်ပါတယ်။

RAM

ကွန်ပျူတာတစ်လုံးရဲ့ Memory ဆိုတာ Ram ကိုခေါ်တာပါ။ RAm ပမာဏများလေလေ ကွန်ပျူတာကို အသုံးပြု၇တာမြန်လေလေဖြစ်တယ်။ အဓိကအားဖြင့် အလုပ်တွေကို တစ်ပြိုင်နက်အတွင်း အများအပြားခိုင်းစေချိန်မျိုးမှာ Ram ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ သိသသာသာအလုပ်လုပ်စေနိုင်ပါတယ်။

Motherboard

Motherboard ဆိုတာ ကွန်ပျူတာ System ထဲက Circuit board ကြီးတစ်ခုပါ။ သူ့ကို တခြားလျှပ်စစ်ပစ္စည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ခြင်း၊ သွယ်ဝိုက်ချိတ်ဆက်ခြင်းတွေကိုလုပ်ဖို့ Port တွေနဲ့ Extention Slot တွေပါဝင်ပါတယ်။ အထူုးသဖြင့် ကွန်ပျူတာတစ်လုံးအတွက် အခြားသော ပစ္စည်းတွေကို ချိတ်ဆက်ပေးတဲ့အရာဖြစ်ပါတယ်။

Power Supply

ကွန်ပျူတာအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့လျှပ်စစ်ကို လိုသလောက်ထုတ်ပေးဖို့ စီမံခန့်ခွဲတဲ့ နေရာဖြစ်ပါတယ်။ အမျိုးမျိုးသော ပါဝါလိုအပ်နေတဲ့ အစိတ်အပိုင်းအားလုံးကို လိုအပ်တဲ့ ပါဝါမာဏကို ပို့ဆောင်စေတဲံ စနစ်တစ်ခုဖြစ်ပါတယ်။

Hard Drive

ဖိုင်တွေနဲ့ Program တွေကို အမြဲတမ်းသိမ်းဆည်းထားဖို့အတွက် Hard Drive က ဖန်တီးပေးပါတယ်။ ထို့အပြင် ကွန်ပျူတာတစ်လုံး အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ OS သွင်းခြင်းများကိုလည်း Hard Drive ပေါ်မှာပဲ ပြုလုပ်ရပါတယ်။ Hard Drive ပမာဏများလေလေ သိုလှောင်နိုင်စွမ်းအားကြီးလေလေဖြစ်ပါတယ်။

Disc Drive

Disc Drive က Floppy Drive, CD Drive, DVD Drive တွေနဲ့ တခြား File Storage Device တွေကို ကွန်ပျူတာမှာ အသုံးပြုဖို့ လုပ်ဆောင်ပေးပါတယ်။ ယခုနောက်ပိုင်းအသုံးများလာတာကတော့ DVD RW တွေဖြစ်ပါတယ်။

Video Card (Graphic Card)

Video Card ဆိုတာ ကွန်ပျူတာမှာ ပါဝင်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး CPU ကနေ Binary Code အဖြစ်ပြောင်းပေးပြီး Monitor မှာ မြင်နိုင်အောင်ပြုလုပ်ပေးပါတယ်။ အထူးသဖြင့် မော်နီတာပေါ်မှာ ရုပ်ပု့တွေကို ကြည်လင်ပြတ်သားစေဖို့အတွက် ပုံဖော်ပေးပါတယ်။

Monitor

ကွန်ပျူတာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကွန်ပျူတာအလုပ်လုပ်တာကို မြင်နိုင်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ Result တွေကိုကြည့်နိုင်တဲ့နေရာဖြစ်တယ်။ ကွန်ပျူတာတစ်လုံးမှာ အလုပ်လုပ်သမျှအားလုံးကို မော်နီတာကနေတစ်ဆင့် မြင်နိုင်၊ သိနိုင်တာ ကွန်ပျူတာအတွက် ညွှန်ကြားချက်တွေကို ချပေးနိုင်ပါတယ်။

Keyboard

ကွန်ပျူတာကို စာရိုက်ပြီး Command ပေးတဲ့ပစ္စည်းပါ။ Input Device ထဲက တစ်ခုအပါအ၀င်ပေါ့။ Wireless အနေနဲ့လည်း တွေ့ရမှာပါ။ အများအားဖြင့် စာတွေရိုက်တဲ့အရာတစ်ခုဖြစ်ကာ ကွန်ပျူတာတစ်စုံအတွက် မရှိမဖြစ်အရာတစ်ခုဆိုလည်း မမှားပါဘူး။

Mouse

Imput Device ပါပဲ။ မော်နီတာပေါ်မှာ မိမိလုပ်ချင်ရာကို Click လုပ်ပြီးလိုရာကို ရွှေ့နိုင်၊ Command ပေးနိုင်တဲ့အရာတစ်ခုပါ။ ယခင်ကတော့ Mouse တွေကို PS2 တွေအဖြစ်နဲ့သာ ဈေးကွက်ထဲကိုလာပြီး ယခုနောက်ပိုင်းမှာတော့ USB တွေအနေနဲ့လာကြပါတယ်။ Wireless အတွက်လည်း ထုတ်လုပ်ထားတာမို့ ကြိုးတွေ မရှုပ်တော့ပါဘူး။
 
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment