ကွန်ပျူတာ Hard Ware အခြေခံ သဘောတရားများ

7/7/2014

ကျွန်တော် အခုဆွေးနွေးမည့် ကွန်ပျူတာ Hardware အခြေခံသဘောတရားများ အကြောင်း အရာများသည် Kursk မြို့တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ မိမိဘာသာကွန်ပျူတာ ပစ္စည်း အစိတ်အပိုင်းများကို တစ်ခုချင်း ၀ယ်ယူ၍ လိုက်လျောညီမျှစွာ တပ်ဆင်တတ်အောင်
ဆွေးနွေးသော အပိုင်းများဖြစ်ပါသည်။ Hardware သဘောတရားများ အားလုံးမဟုတ်ပါ၍ သိရှိလိုပါက Hardware (A+) အကြောင်းရှင်းပြထားသော စာအုပ်များစွာရှိပါတယ်၊ မိမိကိုယ်တိုင် လေ့လာဖတ်ရူ့ နိုင်ပါသည်။


ကွန်ပျူတာအမျိုးအစားများ

ကွန်ပျူတာရဲ့ စွမ်းဆောင်နိုင်တဲ့ အမြန်နှုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ terminal အရေအတွက်အပေါ် မူတည်ပြီး အကြမ်းအားဖြင့် (၄) မျိုးခွဲခြားထားပါတယ်။

1. Super Computer - အလွန်မြင့်မားတဲ့ စွမ်းဆောင်နိုင်မှုရှိပါတယ်။ Super Computer တွေကို သိပ္ပံဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ ရာသီဥတုခန့်မှန်းခြင်း၊ ဆေးသုတေသနပြုလုပ်ခြင်း စတဲ့လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။

2. Mainframe Computer - Mainframe Computer ကို အဖွဲ့အစည်းကြီးတွေမှာ data တွေကို ဗဟိုတွက်ချက်မှု ပြုလုပ်ပေးဖို့အတွက် အသုံးပြုပါတယ်။ ဘဏ်၊ လေကြောင်းလိုင်း၊ အာမခံလုပ်ငန်း၊ စာပို့လုပ်ငန်း၊ တက္ကသိုလ် နဲ့ အကောက်ခွန်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။

3. Mini Computer - Mainframe Computer ထက် ချိတ်ဆက်နိုင်တဲ့ terminal အရေအတွက်နဲ့ စွမ်းဆောင်နိုင်မှု နည်းပါးပါတယ်။ ကွန်ပျူတာနဲ့ တွက်ချက်လုပ်ဆောင်ရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီမှာ အသုံးပြုပါတယ်။

4. Micro Computer (Personal Computer PC) - သူတို့ကိုတော့ Network တစ်ခုဆီကိုချိတ်ဆက်ပြီး terminal အဖြစ်သုံးခြင်းဖြင့် Personal Computer နဲ့ Workstation အဖြစ်အသုံးပြုပါတယ်။ Micro Computer တွေကို အိမ်၊ ကျောင်း၊ ရုံးနဲ့ စီးပွားရေးအဖွဲ့အစည်းတွေမှာ ကျယ်ပြန်စွာအသုံးပြုပါတယ်။ အများအားဖြင့်တော့ တစ်ဦးချင်းသုံးရတဲ့စနစ်ဖြစ်ပါတယ်။ Personal Computer တွေကို အရွယ်အစား ပမာဏအပေါ်မူတည်ပြီးတော့ အမျိုးအစားထပ်ခွဲထားပါသေးတယ်။

(1) Desktops

(2) Laptops

(3) Notebooks

(4) Pocket PC or Hand Held PC

(5) Palmtops ( Screen ပေါ်တွင် pen ဖြင့်ရေးသား၍ data များကို ထည့်သွင်းနိုင်သည်။)

ကျွန်တော်တို့ အများဆုံးအသုံးပြုနေကြတာကတော့ Micro Computer တွေထဲက အမျိုးအစားတွေ ဖြစ်ပါတယ်။ အများအားဖြင့်တော့ Desktop တွေပဲ အသုံးပြုကြတာများပါတယ်။ PC Computer များကို တပ်ဆင် အသုံးပြုရာတွင် (၂) မျိုးခွဲ၍ ခေါ်ဆိုနိုင်ပါတယ်။ Branded Compter နဲ့ Clone Computer ဆိုပြီး ခေါ်ဆိုကြပါတယ်။

Branded Computer တွေမှာ Monitor ၊ System Unit ၊ Keyboard ၊ Mouse စသည့် ပစ္စည်းတိုင်းမှာ ၄င်းတို့ရဲ့ Company အမှတ်တံဆိပ် တပ်ထားတာဖြစ်ပါတယ်။ Branded Computer များဟာ ၄င်းတို့ Computer မှာ ပါဝင်တဲ့ အစိတ်အပိုင်း အားလုံးကို ၄င်းတို့ Company က ထုတ်လုပ်တာ မဟုတ်ဘဲ Clone Computer တွေအတိုင်း အခြား Company တွေက ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ သို့သော် ၄င်းတို့ သုံးစွဲသော ပစ္စည်းတိုင်းပေါ်တွင် ၄င်းတို့၏ Branded တံဆိပ် ထပ်မံတပ်ထားခြင်းဖြင့် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်းကို သိသာစေပါတယ်။ Branded ပစ္စည်းတိုင်းဟာ Clone တွေထက် ပိုကောင်းပြီး၊ အသစ်ဆိုရင် ဈေးနှုန်းနှစ်ဆနီးပါး ပိုကြီးပါတယ်။ထင်ရှားတဲ့ Branded Computer တွေကတော့ Compaq, HP, Toshiba, Epson, Zenith, Ast, Dell တို့ဖြစ်ကြပါတယ်။ Compaq ကတော့ နာမည် အကြီးဆုံးနဲ့ လူကြိုက်အများဆုံးပါ။

Clone Computer တွေကတော့ Branded Computer တွေလို သီးခြားတံဆိပ် တပ်ဆင်ထားခြင်းမရှိဘဲ အဆင် ပြေသလို ပေါင်းစပ်တပ်ဆင်ထားတဲ့ Computer တွေကို ခေါ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုအများဆုံး အသုံးပြုနေတာ Clone Computer တွေပါ။

ကဲ ဒါဆိုရင် ၀ယ်ယူဖို့ ရွေးချယ်ရင် ဘယ်ကွန်ပျူတာမျိုးကို ရွေးမလဲ။ အသစ်ဝယ်ယူဖို့ ဆိုရင်တော့ ဈေးနှုန်းတစ်ဝက် သက်သာသွားတဲ့အတွက် ကျွန်တော်ကတော့ Clone Computer ကိုပဲသဘောကြတယ်။ အကောင်းဆုံး၊ အမြန်ဆုံး၊ အမာဆုံး ပစ္စည်းတွေကိုသာ တပ်ဆင်လိုက်မယ် ဆိုရင် Branded Computer တွေလိုပဲ သုံးလို့ကောင်းပါတယ်။ ဈေးလည်းသက်သာ ၊ ပစ္စည်းတစ်ခုခု ပျက်ရင်လည်း ပြင်ရတာ လွယ်တယ်။ သူများဆီက တစ်လက်ကျ (Second hand) ကွန်ပျူတာတွေကို ၀ယ်မယ်ဆိုရင်တော့ Branded Computer တွေကို ပိုပြီးသဘောကျပါတယ်။ ဘာလို့လည်းဆိုတော့ ဈေးနှုန်းသက်သာသွား လို့ပါဘဲ။ ဒါပေမယ့် Branded Computer ပဲဖြစ်ဖြစ် Clone Computer ပဲဖြစ်ဖြစ် ကွန်ပျူတာတစ်လုံး ဖွဲ့စည်းထားပုံနဲ့၊ အခြေခံ အလုပ်လုပ်ပုံခြင်းကတော့ အတူတူပါပဲ။


ကွန်ပျူတာတစ်လုံးတွင် အခြေခံအားဖြင့် အောက်ပါ အစိတ်အပိုင်းများ ပါဝင်ပါသည် ။

(1) Processor or Central Processing Unit (CPU)

(2) Motherboard (Main Board)

(3) Memory

(4) Hard Disk

(5) VGA Card

(6) CD/DVD Drive (R/RW)

(7) Keyboard

(8) Mouse

(9) Casing

(10) Monitor တို့ပါဝင်ပါသည် ။ 


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment