Facebook နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်အလက် (၈) ချက်






၂၀၁၃
ခုနှစ်အကုန်မှာ ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၁.၂၃ ဘီလီယံ ရှိခဲ့တဲ့
Facebook ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး
လူထုဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၃ ခုနှစ်က
ကောက်ယူခဲ့တဲ့ စာရင်းအချက်အလက်အရ နေ့ စဉ်ဝင်ရောက်အသုံးပြုသူ လူဦးရေပေါင်း
၇၅၇ သန်း ရှိတယ် လို့  သိရပါတယ်။ Facebook နဲ့ ပက်သတ်ပြီး
သင်မသိသေးလောက်တဲ့ စိတ်ဝင်စားစရာ အချက်အလက် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့ စဉ်နေ့ တိုင်း Facebook accounts တွေကို ဖောက်ထွင်းဖို့ ကြိုးစားမှုပေါင်း ခြောက်သိန်း ကျော် ရှိပါတယ်။

၂။ သင့် Facebook အကောင့်ရဲ့ ဘာသာစကားကို ‘ ပင်လယ်ဓားပြ ဘာသာစကား’ အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။





၃။
မင်းသားကြီး Al Pacino ဟာ Facebook ပင်မစာမျက်နှာမှာ
ပထမဦးဆုံးဖော်ပြခံခဲ့ရပါတယ်။ Facebook ဟာ ဒါကို ၂၀၀၇ ခုနှစ်မှာ
ဖယ်ရှားခဲ့တာဖြစ်ပြီး ဒီဂျစ်တယ်သင်္ကေတ 0 , 1 တွေနဲ့ Al Pacino ပုံ
ဖော်ထားတာဖြစ်ပါတယ်။



၎။
သင် ဘယ် နေရာတွေကို ၀င်ရောက်ကြည့်ရှုသလဲ ဆိုတာကို Facebook က
ခြေရာခံလိုက်ပါတယ်။ တကယ်လို့ သင့် အကောင့်ကို Sign Out လုပ်ထားပြီးရင်တောင်
Facebook က ခြေရာခံလိုက်နိုင်ပါတယ်။



၅။
လေ့လာမှုတစ်ခုအရ Facebook ကို ၀င်ရောက်ကြည့်ရှုပြီးနောက် လူ
သုံးပုံတစ်ပုံဟာ  သူတို့ ရဲ့ ဘ၀ကို ပိုပြီး စိတ်မကျေမနပ် ဖြစ်ကြတယ်လို
့ဆိုပါတယ်။



၆။ Facebook ပေါ်မှာ သေဆုံးပြီးသူ users ပေါင်း သန်း ၃၀ ခန့် ရှိပါတယ်။



၇။ ၂၀၀၉ ခုနှစ်စပြီး Facebook အပါအ၀င် Twitter နဲ့ The New York Times တို့ ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။



၈။ သန်းတစ်ထောင်ကျော် အသုံးပြုသူတွေ ဘယ်သူကိုမဆို Block နိုင်ပေမယ့် Mark Zuckerberg ကိုတော့ သင် Block လုပ်လို့ မရပါဘူး။


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment