Tuesday, December 24, 2014
JetAudio 8.1 Basic လေးတင်ပေးလိုက်ပြန်ပါပြီ။ ကျုပ်အကြိုက်ဆုံး Player ထဲမှာ ဒီကောင်လေးကလည်း အပါ
အ၀င်ပေါ့။ ဒီကောင်ကတော့ စွယ်စုံသုံးလို့ရတာ သဘောကျတယ် ခုနောက် Version တွေမှာတော့ ဟိုအရင်က
လောက် မပြည့်စုံဘူးဗျာ။ သူတို့က ချန်ချန်ထားတယ်။ ဥပမာ Convertor ပေါ့ဗျာ ခုဒီကောင်မှာတော့ MP3 တော့
လုပ်လို့မရဘူး သို့သော် MP 3 က Wave ဖိုင် Windows Media Audio 7 / 9 စသဖြင့်ပြောင်းနိုင်တယ်ပေါ့ဗျာ။ အရင် 8.0 တုန်းက ဒီကောင်လောက်ကို မစုံဘူး သို့သော်လည်း ဒီဇိုင်းအသွင်အပြင် Skin လို့ပြောမလား အရောင်
လေးကို သဘောကျတယ်။ ဒီ Version မှာလည်း တော်တော်များများ အသုံးဝင်ပါတယ်။ Burning / Convert / Capture စတာတွေ လုပ်နိုင်တယ်။ ဥပမာ ဗွီဒီယိုကြည့်နေတဲ့ အထဲက ဓါတ်ပုံလေး သဘောကျလို့ ဓါတ်ပုံရိုက်ထား
မယ်ဆိုလည်း Capture ဖမ်းမယ် ဓါတ်ပုံရိုက်ထားလို့ ရတာပေါ့ဗျာ။ ဒီနေရာမှာ Power DVD ကိုတော့ မမှီဘူးဗျာ။
နောက်ပြီး သူ့မှာ အားသာချက်က ကိုယ့်မှာ Micro Phone ရှိရင် သီချင်းတွေ လိုက်ဆိုပြီး အသံဖမ်းလို့ရတယ်ဗျာ။
အများကြီးဘဲဗျာ လုပ်တတ်ရင် လုပ်တတ်သလို အကျိုးရှိပါတယ် သုံးစွဲတဲ့သူ ကျွမ်းကျင်မှုအပေါ် မူတည်တာပေါ့။
ဟုတ်ဘူးလား။ သီချင်းနားထောင်တဲ့နေရာမှာလည်း အမျိုးမျိုး အဖုံဖုံ အသံတွေကို နားထောင်လို့ရပါတယ်။ ဒါက
တော့ Media Player တိုင်းမှာ ပါတယ်လို့လည်း ပြောနိုင်ပါတယ်..။ ကဲ ဒါဘဲဗျာ ကျန်တာကိုယ့်ဟာကို လေ့လာကြ
ပေတော့...။

About Unknown
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:
Post a Comment