Samsung Android v4.3 များအတွက် Root မလိုပဲ မြန်မာဖေါင့် ထည့်သွင်းခြင်း




 
Samsung Android 4.2.2, 4.3 တွေမှာ မြန်မာဖောင့်၊ Samsung original မြန်မာ ကီးဘုတ်၊ Build in Myanmar စနစ် များရရန်အတွက် ဖုန်းကို Root လုပ်ပြီး apk (သို့) bat/exe တစ်ခုခု သုံး၍သွင်းကြတာမျိုးတွေ ရှိပါတယ်။ ဖုန်းကို Root လုပ်ဖို့ အတွက် v4.3 တွေမှာ Knox ကြောင့် Root ဆင်းလုံးချော မပေါက်တာလည်း အချို့ ဖြစ်နေကြပါတယ်။

ကျနော် Samsung v 4.2.2, 4.3 တွေမှာ Root ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
-  မြန်မာဖောင်
-  Samsung original မြန်မာ ကီးဘုတ်
-  Build in Myanmar စနစ်
 
များအလွယ်တကူ ထည့်သွင်းနိုင်ဖို့ Flashable Zip ဖိုင်လေး လုပ်ထားပါတယ်။ (ပထမတော့ ကိုယ်တိုင် အလွယ်နဲ့ အမြန်သုံးနိုင်အောင် လုပ်သုံးနေတာပါ။ အများလည်း သုံးရအောင် ပြန် Share လိုက်ပါတယ်။)

ဒီ Zip ဖိုင်ဖြင့် မြန်မာစာစနစ် ထည့်သွင်းနိုင်ရန် မိမိဖုန်းတွင် CWM (သို့) TWRP အရင်ဆုံးထည့်ထားရပါမယ်။ မိမိဖုန်းနဲ့ သက်ဆိုင်ရာ CWM (သို့) TWRP ကို အောက်က လင့်မှာ ဒေါင်းယူ၍ Odin ဖြင့် မိမိဖုန်း ထဲသို့သွင်းယူပါ။

CWM link >>http://d-h.st/users/philz_touch

TWRP link >> http://teamw.in/twrp_view_all_devices


SamsungV4.3_CompleteSet_Smartzawgyi.zip နဲ့ SamsungV4.3_CompleteSet_Zawgyi2008.zip ကို မိမိဖုန်းရဲ့ SdCard0 (သို့) exSdCard ထဲသို့ သွင်းထားပါ။ ဖုန်း ပါဝါကို ပိတ်၍ Up Volume  + Power ကို ပေါင်း နှိပ်ပြီး Recovery mode သို့ဝင်ပါ။ ထိုနောက် မိမိထည့်ထားသော Zip သို့သွား၍ Install လုပ်ပြီး Reboot ချပေးပါ။ ထိုအဆင့်များအတိုင်းလုပ်သွားပါက မိမိဖုန်းမှာ မြန်မာစာနေရာတိုင်းတွင် မြင်နိုင်ပါပြီ။ မည်သည့် font မှ မပျောက်ပါ။

Samsung original မြန်မာ ကီးဘုတ် ရရန် Setting/My device/Language and input/Samsung keyboard ရဲ့ ဘေးက setting ကို ၀င်ပါ။ + Select input languages ကို ဆက်ဝင်၍ English(*) နှင့် Myanmar(Zawgyi) ကို အမှတ်ခြစ်ပေးပါ။ ထိုနောက် ကီးဘုတ် ကိုသွား၍ space bar ကို ဘယ်ညာပွတ်ပြီး English နှင့် မြန်မာ original ကီးဘုတ်ကို လိုသလို သုံးစွဲနိုင်ပါပြီ။
Build in Myanmar စနစ် ကို ရရန် Setting/My device/Language and input/Lunguage/Myanmar (Zawgyi) ကို ရွေးပေးလိုက်ပါ။
xml ဖိုင်များကို Note 2 ရဲ့ Upload အသစ်မှ ယူသုံးထားပါသည်။ Zip ဖိုင်နှစ်ခု ဖြစ်နေရခြင်းက
SamsungV4.3_CompleteSet_Zawgyi2008.zip ထဲမှာ ပါတဲ့ မြန်မာဖောင့်က Samsung original ရဲ့  Zawgyi2008 Font ကို ယူသုံးထားပါသည်။ စာလုံးအရွယ်အစားနည်းနည်းသေးပါသည်။
 
စာလုံးအသေးမကြိုက်သူများအတွက် SamsungV4.3_CompleteSet_Smartzawgyi.zip ကို သုံးနိုင်ပါသည်။ ထို Zip ထဲမှ Font ကိုတော့ ကိုမိုးကုတ်သား ရဲ့ MM Font installer V1.apk မှ ကိုကျော်စွာသွင်ရဲ့ smartzawgyi Font ကို ယူသုံးထားပါသည်။ စာလုံး အနည်းငယ် ကြီးပါသည်။ 
 
 
 
ကိုကျော်စွာသွင်၊ ကိုမိုးကုတ်သား၊ Xda တို့နှင့် သက်ဆိုင်သူများကို Credit ပေးပါတယ်။
မိမိကြိုက်နှစ်သက်ရာ အရွယ်အစားရရန် Zip ဖိုင်များကို တစ်ခုခြင်း Install လုပ်၍ သုံးနိုင်ပါပြီ ခင်ဗျာ...
12 People Here
"General Chat"
0
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment