ဝိုင်ဖိုင် Music ပလေယားစနစ်ပါဝင်တဲ့ စမတ် HeadPhone နားကြပ်



 

STREAMZ လို့ အမည်ရှိ့ ကြိုးမဲ့ ဖြစ်ပြီး Wi-fi စနစ်ပါရှိတဲ့ အတွက် သင့်ရဲ့ စမတ်ဖုန်းတွေထဲက သီချင်းတွေ အပြင် အင်တာနက် ရေဒီယိုတွေသီချင်းတွေကိုပါ နားဆင်နိင်မှာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ထွက်ရှိလာခဲ့တာ ဖြစ်ပြီး STREAMZ လို့ခေါ်တဲ့ နာမည်အပြင် ကမ္ဘာ့ ပထမဆုံး စမတ်နားကြပ် လို့လည်း ခေါ်နိင်ပါတယ်။ နားကြပ်အထဲတွင် ၀ိုင်ဖိုင် စနစ်တွေအပြင် Android Music player တွေပါရှိပြီး ဘလူးတုမ့် စနစ်ကို ထောက်ကူထားတာ ဖြစ်ပါတယ်။ ကိုယ်ပိုင် ဖုန်းထဲမှာ ရှိတဲ့ သီချင်းတွေအပြင် အင်တာနက်ပေါ်က သီချင်းတွေကိုပါ နာဆင်နိင်မှာ ဖြစ်ပါတယ်။
 
 48kHZ/16 bit DAC စနစ်တွေက်ု ပေါင်းထည့်ထားပြီး ထိုစနစ်က CD အရည်အသွေးရှိတဲ့ သီချင်းသံစဉ်တွေကို နားဆင်နိင်မှာ ဖြစ်ပြီး STREAMZ MUSIC store လည်းရှိတဲ့ အတွက် သီချင်းတွေကို အလိုရှိသလို စိတ်ကြိုက် ၀ယ်ယူနားဆင်နိင်ပြီး အသုံးပြုသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် သီချင်းတွေကို ရှာဖွေဖို့ Android or iOS app တွေကို သုံးနိင်ပါတယ်။ 
 
ထိုနားကြပ်ဟာ သီချင်းတွေ သိုလှောင်မူအတွက် အတွင်းမှတ်ဥာဏ်သိုလှောင်မူကို 4GB ကနေ အစားစားရွေးနိင်ပြီး အမြင့်ဆုံး က 36GB Built-in ဖြစ်ပြီး အဆိုပါ နားကြပ်ဟာ Google voice command တွေဖြစ်တဲ့ အသံဖြင့် သီချင်းရှာနိင်ခြင်း၊ သီချင်းကျော်နိင်ခြင်းတို့ ထောက်ပံပါဝင်တဲ့ မိုက်ခရိုလ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒါအပြင် သင့်ဟာ TV ကြည့်ခြင်း၊ ဗီဒီယို ဂိမ်းဆော့ခြင်းတို့ကို ဘလူးတုမ့် ကူးပြောင်းခြင်းနဲ့ပါ ဆောင်ရွက်နိင်မှာ ဖြစ်ပါတယ်။ ထို 36GB အတွက်ကတော့ $549 ဖြစ်ပါတယ်။ ထို နားကြပ်အတွင်းတွင် Android processor နဲ့ Wi-fi Blutooth , 36 GB RAM / 2 way Vibration Speaker/ amprifier တို့ပါဝင်ပြီး အဆို ပါစနစ်တွေကိုလည်းတွဲဖက်အသုံးပြုနိင်ပါတယ်။
- အသံဖြင့် ရှာဖွေပြီး သီချင်းတွေကို ထိန်းချုပ်နိင်ခြင်း
- အွန်လိုင်း Music ၀န်ဆောင်မူ
- ဖုန်းခေါ်ဆိုမှုများ
- အသံဖြင့် မတ်ဆေ့ပို့ခြင်းနဲ့ ဆိုရှယ် မီဒီယာ များတွင် အသုံးပြုနိင်ခြင်းတို့ ပဲ ဖြစ်ပါတယ်။ 

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment