iPhone Passcode ကို ပြန်လည် ရယူနည်း



ယနေ့ခေတ်တွင် iDevice ကို အသုံးပြုသူ လူတိုင်းနီးပါးက မိမိ၏ အရေးကြီးသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို iDevice အတွင်းမှာ သိမ်းဆည်းထားတတ်ကြပြီး.. အခြား တစ်စုံတစ်ယောက် အလွယ်တစ်ကူ အသုံးမပြုနိုင်စေရန် ကိုယ်ပိုင် Passcode လေးများနှင့် Lock လုပ်ထားတတ်ကြပါတယ်.. 

မိမိကိုယ်တိုင် Set up လုပ်ထားတဲ့ Passcode ကို မေ့သွားခဲ့မယ်ဆိုရင်တော့...
အရင်ကဆိုရင် Restore ပြန်လုပ်ရုံကလွဲ၍ အခြားနည်းလမ်း မရှိခဲ့ပါဘူး။
ယခုတော့ iDevice ကို Restore ပြန်လုပ်ရန် မလိုပဲနှင့် Passcode ကို ပြန်လည်ရှာဖွေနိုင်မယ့် Toolkit တစ်ခုကို iPhone Dev Team က ဖန်တီးပေးလိုက်ပါပြီ... 

"Gecko Toolkit" လို့ အမည်ရတဲ့ Tool ဟာ iDevice ရဲ့ Passcode ကို ပြန်ရှာပေးနိုင်ရုံမျှမကပဲ အကြောင်းကြောင်းကြောင့် 'Disable' ဖြစ်နေတဲ့ iPhone ကိုပါ ပြန်လည် ကုစားပေးနိုင်ပါတယ်၊ ဒါ့အပြင် Apple logo မှာ တစ်နေခြင်း ပြဿနာကိုလည်း ဖြေရှင်းပေးပါလိမ့်မယ်...

Features
      -Bypass iDevice's (A4) Lock Code
      -Bypass iDevice's (A4) "iPhone Disabled" after failed attempts
      -Fix stuck on Apple logo problems
      -And more!


ဖော်ပြပါ လုပ်ဆောင်ချက်များကိုတော့ (A4) iDevice များဖြစ်တဲ့...

  • iPodTouch 1, 2, 3, 4
  • iPhone1G, 2G, 3G, 3GS, 4
  • iPad 1
    တို့မှာသာ ရရှိနိုင်ပါသေးတယ်...


Bypassing the Lock Code

မိမိရဲ့ မေ့သွားတဲ့ Passcode ကို ပြန်လည်ရယူနိုင်ရန် အတွက်:
      ၁) iDevice ကို PC နှင့် ချိပ်ဆက်၍ "Gecko Toolkit" ကို Run လိုက်ပါ
      ၂) "Read lockscreen password" tab ကိုသွားပြီး မိမိ iDevice အမျိုးအစားကိုရွေးပါ
      ၃) ထို့နောက် "Boot" ကိုနှိပ်ပါ။
      ၄) iDevice ၏ iOS version (ipsw) ကို ရွေးပေးပါ (မရှိသေးပါက ဤနေရာတွင် Download လုပ်ပါ။
      ၅) အလိုလျှောက် ဆောင်ရွက်နေပြီး "Launch" ကို နှိပ်ရန် ပြောလာပါက နှိပ်ပါ။
      ၆) Pascode ကို ရှာဖွေပေးနေပါပြီ

Starting the Process:


Process Results:


Bypassing the "iPhone Disabled" Function

      ၁) "Disable" ဖြစ်နေသော iPhone ကို ဖြေရှင်းရန်:
      ၂) Bypass "phone disabled" tab ကိုသွားပြီး မိမိ iDevice အမျိုးအစားကိုရွေးပါ
      ၃) ထို့နောက် "Bypass" ကို နှိပ်ပါ။


Other Fix

Cydia မှ သွင်းယူလိုက်သော sources များကြောင့်ဖြစ်စေ၊ အခြားအကြောင်း အမျိုးမျိုးကြောင့် Apple logo တွင် ရပ်နေသော iDevice များအတွက် ဖြေရှင်းရန် နည်းလမ်း နှစ်ခု ရွေးချယ်ခွင့် ပေးထားပြီး နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ (method 1) ကတော့ အန္တရာယ်ကင်းသော နည်းလမ်းဖြစ်ပြီး (method 2) မှာတော့ မိမိစိတ်ကြိုက် payloads ထည့်သွင်းပြီး customize လုပ်နိုင်ပါတယ်။


မှတ်ချက်
ဖော်ပြပါ လုပ်ဆောင်ချက်များ အားလုံးသည် (A4) Device များတွင်သာ အသုံးပြုနိုင်ပါသည်။ အကြောင်းရင်းခံမှာ Program မှ custom RAMdisk တစ်ခု ပြုလုပ်ပေးပြီးနောက် data များကို new RAMdisk အဖြစ် device ပေါ်တွင် ကူးယူပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် A5+ device များကဲ့သို့ exploit မလုပ်နိုင်သော A4 device သီးသန့်များတွင်သာ အထက်ပါ လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။

>> Download Gecko Toolkit
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment