ဘယ်မပြုမိမိမှု


* * * * * * *
သတ္တလောကကြီး အတွင်းမှာ ကိုယ့်ကံ ကိုယ်ကြိုက်သလို
ဖန်တီးနိုင်ကြတယ် ကိုယ်ကြိုက်သလို ဖန်တီးယူနေခြင်း ဖြစ်တယ်
ကံတရားကို မယုံကြည်၍မရ ကံ၏သဘာဝသည်
ယုံသူကိုဖြစ်စေ မယုံသူကိုဖြစ်စေ အကျိုးပေးထိုက်သော
အချိန်ရောက်လာလျှင် အကျိုးပေးခံ စံကြရမည်မှာ
ဧကန်မလွဲ ဖြစ်တယ်
လူတွေဟာ ဘယ်သူကကံကောင်းတယ် ဘယ်သူက
ကံဆိုးတယ် လို့ပြောဆိုလေ့ရှိတယ် ကံကောင်းခြင်း
ကံဆိုးခြင်းကိုဘယ်သူကမှ လာရောက်ဖန်တီးပေးခြင်း
မဟုတ်ပါဘူး ကိုယ့်ကံသာလျှင် ဖန်တီးနေကြခြင်းဖြစ်ပါတယ်
ကံတရားဆိုတာ မိမိတို့ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့
စေတနာပင်ဖြစ်တယ် စေတနာကောင့်လျှင် ကံကောင်းမယ်
စေတနာဆိုးလျှင် ကံဆိုးမယ်
အရှင်းဆုံး အပေါ်လွင်ဆုံး ဥပမာပြောရလျှင်
မိမိရှေ့တည့်တည့်မှာ မှန်ကြီးတစ်ချပ်ထားပြီး ကြည့်ပါ
မိမိကပြုံးပြီးကြည့်လျှင် ပြုံးနေတဲ့ပုံကို တွေ့ရမယ်
မဲ့လျှင် မဲ့နေတဲ့ပုံကို တွေ့ရမယ်
အဲဒီပုံကို မိမိမှတစ်ပါး အပြင်က ဘယ်တန်ခိုးရှင်
ဘယ်ဘုရားသခင်ကမှ ဖန်ဆင်းပြီး ပြလာကြတာ မဟုတ်ပါဘူး
ဗုဒ္ဓသာသနာကပြောတဲ့ ကံတရားဆိုတာ ဒါပါပဲ
ဘယ်သူမပြု မိမိမှု ဆိုတဲ့အတိုင်း တူသောအကျိုးကိုရတာပါ
{အရှင်ဦးဥတ္တမသာရ}
ချမ်းမြေ့စွာဘ၀နေနည်းစာအုပ်မှ မျှဝေပေးပါသည်
မေတ္တာများစွာဖြင့်
ကြယ်စင်ထက်
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment