“ပညာ ရှိအောင်နေ”



••••••••••••••••••
စည်းစိမ်ဥစ္စာသည် ပညာမရှိသောသူကို ဖျက်ဆီးတတ်၏။
ပညာရှိတို့ကို မဖျက်ဆီးနိုင်။
ပညာမရှိသောသူသည် စည်းစိမ်ဥစ္စာကို
မက်မောတဲ့အတွက်ကြောင့် သူများကိုလည်း ဖျက်ဆီး၏။
ကိုယ့်ကိုယ်ကိုလည်း ဖျက်ဆီး၏။ (ဓမ္မပဒ)
မှန်ပါတယ်။
စည်းစိမ်ဥစ္စာတွေဟာ လူမိုက်လက်ထဲရောက်ရင်တော့
လောကကြီးကို ဖျက်ဆီးဖို့ပါ။ လူလိမ္မာလက်ထဲရောက်ရင်တော့
လူသားအားလုံးကို အကျိုးပြုဖို့ပါ။
လူမိုက်တွေဟာ လက်ထဲဥစ္စာပေါများလာလျှင်
လူတွေကို ဒုက္ခပေးဖို့အတွက် ဘယ်လိုလုပ်ငန်းမျိုးကို လုပ်မလဲ၊
လူတွေကို ဖျက်ဆီးဖို့ ဘယ်လို အဖျက်လက်နက်တွေကို
ဖန်တီးမလဲ၊ သူများသမီးပျိုတွေကို ငွေနဲ့ ဘယ်လိုသိမ်သွင်း
ရမလဲဆိုတာပဲတွေးတယ်။
လူအချင်းချင်းငွေနဲ့ပေါက်အနိုင်ကျင့်ဖို့ပဲတွေးတယ်။
ကိုယ်ကျိုးကိုယ်ပဲ ရှာတယ်။ ငွေနဲ့ မကောင်းတာအကုန်လုပ်တယ်။
လူလိမ္မာလက်ထဲ ပစ္စည်းဥစ္စာပေါများလျှင်ကား
လောကကောင်းကျိုးကို ဘယ်လိုပြုမလဲ၊
လိုအပ်နေတဲ့ သူတွေကို ဘယ် လှူဒါန်းမလဲဆိုတာပဲ တွေးတယ်။
လူသားအကျိုးပြု ဖောင်ဒေးရှင်းတွေကို တည်ထောင် ပြီး
လောကကြီးကို လှအောင်ဘယ်လိုဖန်တီးမလဲဆိုတာပဲ တွေးပါတယ်။
လူမိုက်လက်ထဲငွေများများရောက်လေ
လောကလူသားတွေ ဒုက္ခရောက်လေပါပဲ။
လူလိမ္မာလက် ထဲငွေများများရောက်လေ၊
လောကကြီးသာယာလေပါပဲ။
လူလိမ္မာများ ငွေများများရှိအောင် ကြိုးစားပါ။
အဲဒီငွေနဲ့ ဘ၀လှအောင်နေပါ။ အများအကျိုးသယ်ပိုးပါ။
ခုမိုက်နေ ရင်တောင် ခုပြင်ပြီး လူလိမ္မာဖြစ်အောင် ကြိုးစားပါ။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna By ►
download
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment