...HUAWEI C8813 အား Firmware Update ပြန်လုပ်ခြင်း...

HUAWEI C8813 အား Firmware Update ပြန်လုပ်ခြင်း





ကျွန်တော့ အခု Post လေးကအားလုံးသိပီးသားလည်းဖြစ်မှာပါ။
ကျွန်တော့်အတွက်ကတော့ ဖုန်းလောကထဲကို အခုမှစ၀င်တာဖြစ်
တဲ့အတွက်ကြောင့် ကျွန်တော် (ကိုယ်တိုင်စမ်းသပ်မိသမျှ) သိသမျှ
လေးကို ဖြန့်ဝေချင်တဲ့ စိတ်ဆန္ဒကြောင့် ရေးသားလိုက်ခြင်းဖြစ်ပါတယ်
ကျွန်တော်ကိုယ်တိုင်းလည်းအခုချိန်ထိဖုန်းနဲ့ ပတ်သက်လာရင်လူပိန်း
တစ်ယောက်ပါ။ ဒါကြောင့်ဖုန်းနဲ့ ပတ်သက်ပီးဘာမှ မသိတာတောင်မှ
လုပ်ဆောင်နိုင်တတ်စေရန် ရည်ရွယ်ပီးရေးသားလိုက်ပါတယ်လို့ဦးစွာ
ပထမပြောပါရစေ….ကဲ ဖြစ်တဲ့ ပြဿနာက Customer တစ်ယောက်
က သူ့ဖုန်းကို Super User ကနေ System Application တစ်ချို့ကို
ဖျက်မိလိုက်တယ်။ ဒီ့နောက်ဖုန်းကို ပါဝါပိတ်ပီး ပြန်ဖွင့်တော့ Huawei
Logo ပေါ်လာပီးနောက် အောက်ပါပုံအတိုင်းကနေဆက်မတက်တော့
ဘူးဆိုပီးဖြစ်သွားတဲ့ ပြဿနာပါ။

ဒါကြောင့် ကျွန်တော်လည်း Factory Reset ချရန်အတွက် ဖုန်းကို
Battery ၁၀ စက္ကန့်လောက်ဖြုတ်ပီး ပြန်တပ်လိုက်ပါတယ်။ ဒီနောက်
Volume Up + Power Button လေးကို နှိပ်ပီး

“wipe data/factory reset” ဆိုပီး Factory Reset ချကြည့်ပါတယ်။
ဒါပေမယ့် Factory Reset သာကျသွားတယ် Error က မပျောက်သွား
ပါဘူး။ ဒါကြောင့် Firmware Zip File လေးကို ဖြည်လိုက်ပီး ၄င်းအတွင်း
မှ dload file ကို Micro SD Card ထဲကိုသီးသန့်တစ်ခုတည်းကော်ပီကူး
ထည့်ထားလိုက်ပါတယ်။ မှတ်ချက် (သင့်ဖုန်းရဲ့ SD Card Slot နှင့် SD Card
သည်ကောင်းမွန်နေရမည်)။၎င်း dload File အတွင်းမှာတော့ အောက်ဖော်ပြပါ
အတိုင်း

ဖိုင်နှစ်ခုမှ UPDATE.APP ဆိုတာလေးရှိနေရပါမယ်။၎င်းဖိုင်စိုက်ဒ်သည်လည်း
1.02 GB ၀န်းကျင်ရှိနေရပါမယ်။ ဒါမှ အမှန်အကန်ဖြစ်မည်ဖြစ်သည်။ဒီ့နောက်မှာ
တော့ သင့်ဖုန်းအား Battery ဖြုတ်ပီးသင့်ဖုန်းမှ Voulme Up+ Volume Down+
Power Button စတဲ့ ခလုပ် သုံးခုလုံးကိုတစ်ပြိုင်တည်းနှိပ်လိုက်ပါမယ်။ဒီ့နောက်မှာ
တော့ အောက်ပါပုံအတိုင်းသင့် SD Card ထဲကdload File ကို Unpacking 

လုပ်နေပါမယ်။ ဒါဟာ Step 1 ဖြစ်ပါတယ်။ပီးသွားလို့ ၄၅ စက္ကန့်လောက်ကြာ
ပီးသွားပီဆိုတာနဲ့ Step 2 ဖြစ်သောအောက်ပါပုံပေါ်လာမှာဖြစ်ပါတယ်။

ဒီနေရာမှာတစ်ခုပြောချင်တာကတရုတ်ဖုန်းအများစုကို Firmware ပြန်တင်တဲ့အခါ
မှာ Step 2 မှာအခန့်မသင့်လျှင် Fail ဖြစ်တတ်ပါတယ်။နောက်တစ်ချက်က Step
2 Fail မဖြစ်ပဲတစ်ခါတစ်ရံမှာ SIM Fail ဖြစ်တတ်ပါတယ်။ ဆိုလိုတာက Process
ပီးသွားတယ် ဒါပေမယ့် Phone ခေါ်ဆိုလို့မရဘူး။ SIM Card Detected မသိတော့
တာမျိုးဖြစ်တတ်ပါတယ်။အဲဒီအတွက်လည်းမပူပါနဲ့ ၄င်းကို Firmware တင်လို့ဖြစ်
လာမှုမျိုးများအတွက် ဖြစ်တတ်တဲ့ Error များကိုဖြေရှင်းရန်

အထက်ပါပုံအတိုင်း ကျွန်တော့ဆီမှာအဆင်သင့်ရှိပီးအခမဲ့ ရယူနိုင်ပါတယ်။ကဲဆက်လိုက်
ရအောင် ကျွန်တော်တို့ Step 2 ကို Installing ပီးသွားရင်တော့အောက်ပါပုံအတိုင်း

Update Complete ဆိုပီးပေါ်လာမှာဖြစ်ပါတယ်။ ဒီနောက်သင့်ဖုန်းက Restart ကျ
သွားမှာဖြစ်ပါတယ်။ပြန်တက်လာတဲ့အထိခဏစောင့်ပါပီးးသွားလို့ Logo မှာဆက်ပီး
မသွားဘူးဆိုရင် ဖုန်းမှ Battery ကို ၅ စက္ကန့်လောက်ဖြုတ်ထားပီးမှ ပါဝါကို ပြန်ဖွင့်
ကြည့်လိုက်ပါ။

အထက်ပါပုံအတိုင်းသင့်ဖုန်းမှာတရုတ်ဖုန်းဖြစ်သောကြောင့် အရာအားလုံး
Menu အားလုံးကတရုတ်စာတွေနဲ့ ဖြစ်နေမှာဖြစ်ပါတယ်။အားလုံးပဲအဆင်
ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ နောက်တစ်ချက်အရေးကြီးဆုံးက
သင့်ဖုန်းကို Firmware Update ပြန်လုပ်နေချိန် သင့်ဖုန်းအတွင်းတွင် Battery
အားအပြည့်ဖြစ်နေရင်ပိုကောင်းပါတယ်။ စိတ်မချရရင်လည်း Power ကို
Process လုပ်နေစဉ်အတွင်းတိုက်ရိုက်ဆက်သွယ်ထားနိုင်ပါတယ်။ဤPost
ဖြစ်မြောက်ဖို့အတွက် လမ်းညွှန်ပြသပေးသော ကျွန်တော့ ဆရာဦးရဲကြီး
အားဒီ Post လေးဖြင့် ကျေးဇူးတင်လိုက်ပါသည်။
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment