Folder Guard 9.1.0.1725 Final

 ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဖိုဒါတွေနဲ့ ဖိုင်တွေကို Password ထည့်ပြီး Lock ချထားလို့ ရတဲ့ ကောင်လေးပါ..။ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပြီး .. ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။


ဒီကောင်လေးကို Install ထည့်တဲ့ အချိန်မှာ အင်တာနက် Connection ရှိဖို့ လိုပါတယ်..။ အင်တာနက် ဖွင့်ထားပြီး အောက်ကပုံလေးအတိုင်း Yes ပေးပြီး Install ထည့်နိုင်ပါပြီ..။



30 days နေရာကို ရွေးယူပြီး လုပ်သွားလိုက်ပါ...။ 


အပေါ်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် Install ထည့်ပြီးသွားရင်တော့ ဒီကောင်လေးကို အရင် ပိတ်ပစ်လိုက်ပါ..။ အောက်ကပုံလေးအတိုင်း crack ဖိုင်လေးကို မိမိတို့ ဝင်းဒိုးအလိုက် 32-bit (or) 64-bit ရွေးပြီး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



အောက်ကပုံလေးမှာတော့ Regkey လေးကို ၂-ချက်တောက်ပြီး ထပ် Run ပေးလိုက်ပါ..။ 


OK ပေးပြီးရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်ကပုံလေးအတိုင်း ဖွင့်ပြီး အသုံးပြုနိုင်ပါပြီ..။



စပြီး အသုံးပြုတာနဲ့ အပေါ်ကပုံအတိုင်း Password ထည့်ပေးပြီး OK ပေးလိုက်ပါ..။ မိမိတို့ အဆင်ပြေတဲ့ မှတ်မိလွယ်တဲ့ Password ကို ထည့်ပေးပါ..။


အသုံးပြုတဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း စတင် အသုံးပြုနိုင်ပါပြီ..။ မိမိတို့ Lock ချထားလိုတဲ့ ဖိုဒါတွေကို Browse ကနေ သွားဝင်ယူပါ..။



အပေါ်ကပုံအတိုင်း ဖိုဒါလေးတခုကို ယူပြီး လုပ်ပြပေးထားပါတယ်..။ ဖိုဒါကို ယူလိုက်တာနဲ့ အောက်ကပုံလေးအတိုင်း Password အသစ်တခုကို ထပ်ထည့်ပေးလိုက်ပါတယ်..။ အပေါ်အတိုင်း Password တူတာကို ထည့်ပေးရင်လည်း ရပါတယ်..။ ပြီးရင် OK ပေးလိုက်ပါ..။ အပြာရောင် အဝိုင်းပြထားတဲ့ နေရာကနေလည်း ဖိုဒါတွေကို Protect လုပ်လို့ ရပါသေးတယ်..။ 


Password ထည့်ပေးပြီးရင်တော့ အောက်ကပုံလေးအတိုင်း Apply >> Protect ကို ကလစ်ပေးလိုက်ရင် အဲ့ဒီဖိုင်လေးကို ဖွင့်လို့ မရတော့ပါဘူး..။ ဖွင့်တာနဲ့ Password တောင်းပါလိမ့်မယ်..။ အောက်ဆုံးပုံလေးတွေ အတိုင်း လုပ်ပေးပြီး ဖွင့်နိုင်ပါတယ်..။

 
ဒီကောင်လေးနဲ့ ပိတ်ထားတဲ့ ဖိုင်ကို ဖွင့်တာနဲ့ Password အမှန်ထည့်ပေးမှ ဖွင့်လို့ ရမှာဖြစ်ပါတယ်..။


password အမှန်ထည့်ပေးမှ ဖွင့်လို့ ရပါပြီ..။  

ဒီဖိုင်လေးကို ပြန်ပိတ်တဲ့ အခါမှာလည်း Folder Guard ကို အသုံးပြု၊ မပြု မေးပါလိမ့်မယ်..။ ဆက်ပြီး အသုံးပြုမယ်ဆိုရင်တော့ Yes ပေးလိုက်ပါ..။


Folder Guard ကို ပိတ်ရင်လည်း မေးပါတယ်..။ အသုံးပြုလို ၊ မပြုလိုဆိုတာ .. အသုံးပြုလိုရင်တော့ Yes ပေးလိုက်ပါ..။ အသုံးမပြုလိုတော့တဲ့ အခါမှာတော့ No ပေးလိုက်ရင် ရပါပြီ..။ 

ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment