လေယာဉ်မယ်တဦးနဲ့ တွေ့ဆုံခြင်း


လေယာဉ်မယ် အလုပ်လုပ်တာ တနှစ်ရှိသွားပါပြီ။ ဒီအလုပ်ကို ရွေးချယ်ဖြစ်ခဲ့ပုံကတော့ ညီမ ထင်မြင်ချက် အရ လေယာဉ်မယ်အလုပ်ဆိုတာ Professional Role တခုလို့မြင်တယ်။

နော်သဇင်ကိုကို (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ဒီအလုပ်က ညီမ ၈ တန်း၊ ၉ တန်း လောက်ကတည်းက ဖြစ်ချင်တဲ့ အိပ်မက်စိတ်ကူးပေါ့နော်။ အဲဒီအိပ်မက်တွေ အခုတော့ တကယ်ဖြစ်လာတယ်ပေါ့။

ဆယ်တန်းအောင်ပြီးပြီးချင်းလောက်ကတော့ အမေက ညီမကို nurse ကျောင်းတက်ခိုင်းတယ်။ ညီမ စင်ကာပူမှာ ကျောင်း တနှစ် သွားတက်တယ်။ ဒါပေမယ့် အဲဒီဟာကို ကိုယ်တကယ် ဝါသနာ မပါဘူး။
နောက်ပိုင်းကျတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့အတွက် ပျော်ပါတယ်။ နောင် အနာဂတ်မှာ ကိုယ် လုပ်နေတဲ့ အလုပ်အပေါ်ကို အောင်မြင်အောင် လုပ်သွားမယ်။ နောက်ပိုင်း ကျရင်တော့ အခွင့်အရေး ရရင် ရလာသလို အောင်မြင်မှုတခုကို ရမယ်လို့ ယုံကြည် ထားပါတယ်။

အားတဲ့အချိန်တွေဆိုရင် အိမ်မှာနေတယ်။ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ရုပ်ရှင်ကြည့်တယ်။ ကိုးရီးယားကားကြည့်ဖြစ်တယ်။ ပြီးတော့ သီချင်း ဆိုရတာ ဝါသနာပါတော့ သီချင်းဆိုဖြစ်တယ်။

စာအုပ်တွေဖတ်ဖြစ်တဲ့အခါ ဘယ်လိုစာပေအမျိုး အစားတွေ ဖတ်ဖြစ်လဲဆိုတော့ ဖေမြင့်တို့ ဘာတို့ စာအုပ်တွေ၊ ပြီးတော့ပညာပေးစာအုပ်တွေ၊ အချိန်ရဲ့ တန်ဖိုးတို့၊ ပီမိုးနင်းတို့ ဖတ်ဖြစ်တယ်။
စာရေးဆရာ ထဲမှာတော့ ညီမက ဟာသဝတ္ထုတွေလည်း ဖတ်ဖြစ်တယ်။ အကြည်တော်တို့ ဘာတို့လည်း သဘောကျတယ်။ စိတ်ညစ်တဲ့ အခါ ကျရင် ဝတ္ထုတွေဖတ်လိုက်ရင် စိတ်ပြေသွားရော။

သီချင်းကလည်း အကုန်လုံး ကြိုက်ပါတယ်။ ဒါပေမယ့် Pop ဂီတအမျိုးအစားကို ပိုပြီး သဘောကျတယ်။
အရင် တုန်းကလည်း စိတ်ကူး ထားတာက လေယာဉ်မယ်လုပ်ရင်း အဆိုတော်လည်း လုပ်မယ် ဆိုပြီးတော့ တွေးထားတာ ဆိုတော့ ...ဟဲဟဲ။ သီချင်း တွေက Miley Cyrus နဲ့ Britney Spears အဲဒီလို ကိုယ်ကြိုက်တဲ့ Pop အဆိုတော်တွေရဲ့ သီချင်းတွေ နားထောင်ဖြစ်တယ်။ မြန်မာပြည်မှာ လတ်တလော နားထောင်ဖြစ်တာ တော့ အများကြီးပဲ။ အသစ်ထွက်တာတွေ နားထောင်ဖြစ်တယ်။ ပြီးတော့ အိုင်ရင်းဇင်မာမြင့် သီချင်းတွေလည်း နားထောင်ဖြစ်တယ်။

International အဆိုတော်တွေထဲမှာ ဆိုရင် Miley Cyrus ကို အကြိုက်ဆုံးပဲ။ သူအခုနောက်ပိုင်း ပေါ်လာတဲ့ ပုံစံလေးက ပိုပြီးတော့ ချစ်ဖို့ကောင်းပြီး ပိုပြီးသဘောကျလို့ပါ။

မြန်မာအဆိုတော်တွေထဲ မှာတော့ မဝိုင်းစုခိုင်သိန်းနဲ့ Lဆိုင်းဇီ ကို ကြိုက်ပါတယ်။

ရုပ်ရှင်ကြည့်တဲ့အခါ အချစ်ဖန်စီကားလေးတွေ သဘောကျတယ်။ ရယ်ရတဲ့ ဟာလေးတွေပေါ့နော်။
ဒရာမာတွေ သိပ်မကြည့်ဖြစ်ဘူး။ ဟာသလေးတွေ ပိုကြည့်ဖြစ်တယ်။

မြန်မာဇာတ်ကား တွေလည်း ကြည့်ဖြစ်ပါတယ်။ မြန်မာသရုပ်ဆောင်တွေထဲမှာ ကြိုက်တာ တော့ အများကြီးပါ။ တယောက်ချင်း ပြောရမယ်ဆိုရင်တော့ ဖွေးဖွေးကို သဘောကျတယ်။ ဟောလိဝုဒ်စတား ထဲမှာတော့ ဘယ်သူ့ကို ကြိုက်တယ်လို့ မရှိဘူး။ အကုန်လုံးကို ကြိုက်ပါတယ်။

Facebook သုံးရင် သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တယ်။ ပြီးတော့ Update News feed တွေ ကြည့်ရင်း ကိုယ်မသိ သေးတဲ့ အကြောင်းအရာတွေ သိရတယ်။ တချို့ကျ တော့လည်း ပေါက်ကရတွေတင်တယ်။
ဒါပေမယ့် Facebook ဆိုတာ ကိုယ်သုံးတတ်မယ်ဆိုရင် ကိုယ့် အတွက် အသုံးကျမယ့် အရာလေးတွေ ရွေးကြည့်ရင်၊ ပညာရေးနဲ့ ပတ်သက်တဲ့ Page လေးတွေ Like လုပ်ထားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။

ဒီနှစ်နွေရာသီထဲမှာ အသွားချင်ဆုံးခရီးက တော့ ပြင်ဦးလွင်ပါ။ သွားချင်တဲ့ အကြောင်းရင်းက တော့ အမှတ်တရ လေးတွေရှိလို့ပါ။  ဘယ်လို နေရာမျိုး တွေ ခရီးထွက်ရ တာကြိုက်လဲ ဆိုတော့ ပြင်ဦးလွင်မြို့ လိုမျိုး အေးချမ်းပြီး တော့ ရေတံခွန်တွေ ပေါတဲ့နေရာမျိုးကိုလည်း သွားရတာ သဘောကျပါတယ်။

လူငယ်ဘဝကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် လူငယ် ဘဝဆိုတာ နုနယ်တယ်။ ကိုယ် လုပ်ချင်တာကိုလုပ်လို့ ရတဲ့ အချိန်၊ ဒီအရွယ်က အချိန်ကောင်း၊ အဲဒီ အချိန်မှာ လမ်းမှားမရောက်ဖို့ပဲ။ ကိုယ်လျှောက်သင့် တဲ့ လမ်းကို ကိုယ့်ဟာနဲ့ကိုယ် သေချာရွေးချယ် ဆုံးဖြတ်သင့်ပါတယ်။

ဥပမာ ...ညီမဆိုရင် ကိုယ့်ရည်မှန်း ချက်ထင်ပြီး လျှောက်ခဲ့တယ်။ အဲဒီမှာ အချိန်တွေကုန်ဆုံးသွားတယ်။ ကိုယ့်ဝါသနာ မဟုတ်ခဲ့ဘူး။ နောက်ပိုင်းကျမှ ကိုယ့်ဘဝ ရည်မှန်းချက်ရောက်တဲ့ အခါမှာ အရမ်း ပျော်ခဲ့ တယ်။ အဲဒါကြောင့်မို့ လူငယ်တွေ ဆယ်တန်းဖြေပြီး ကတည်းက ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာကို အရွေး မမှားဖို့ လိုပါတယ်။


















ဧရာဝတီ
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment