{ အမေ့ကို ချစ်လား ???????? }

{ အမေ့ကို ချစ်လား ???????? }
ကမ္ဘာပေါ်က အလေးဆုံးအရာတစ်ခုကို ၁၀ လတိုင်တိုင်
အပြုံးမပျက်ဘဲ ရင်ကော့ခေါင်းမော့ လွယ်သိုင်းထားတဲ့သူ.....
သေမလောက်နာကျင်အောင်ခံစား နေရပေမဲ့ …
မမြင်ရသေးတဲ့မျက်နှာလေးကို နင့်နေအောင် ချစ်တာမို့ 
မျက်လုံးကိုစုံမှိတ် အံကိုကြိတ်ရင်း အားကုန် ညှစ်ခဲ့တဲ့သူ..
ဆူညံတဲ့အသံတွေနဲ့ အပြစ်ကင်းတဲ့မျက်နှာလေးကို
မြင်လိုက်ရတဲ့ခဏဖြစ်ပေါ်လာတဲ့ ခံစားမှု့ကို မျက်ရည်တွေနဲ့ 
အဖော်ပြုရင်းကြည်နူးစွာပြုံးနေတတ်တဲ့သူ...
ချစ်ခြင်းတွေအပြည့် ၊ ဂရုဏာတွေအပြည့်နဲ့ ဖွဖွလေးနမ်းပြီး
မသေချာသေးတဲ့ အနာဂါတ်တွေကိုတွေးရင်း ကျေနပ်နေတဲ့သူ...
{ အဲ့ဒီသူကို အမေ လို့ ခေါ်တယ်]
[ နေပိုင် ]
Like · · · 77434134
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment