ဗိုင်းရပ်အမည်ရှိသော ခေါင်းစဉ်အောက်တွင်

ဗိုင်းရပ်အမည်ရှိသော ခေါင်းစဉ်အောက်တွင် အန်တီ ဗိုင်းရပ်ဆိုတာကတော့ အထင်ရှားဆုံးပေါ့။ ဘယ်သူတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ... ကျနော့်အမြင်အရ.. အောက်ပါ ဆော့ဝဲလ်လေး သုံးခုကို ရမ်းထားလိုက်ပါက သင့်ကွန်ပြူတာဟာ လုံခြုံပြီလို့ ပြောနိုင်ပါတယ်။ အမှန်မှာ.. နာမည်ကြီး ကတ်စပါစကီးပဲ ဖြစ်ဖြစ်၊ အဲဘရာပဲ ဖြစ်ဖြစ်...ဖြစ်ဖြစ်..Maleware ဆိုတာကို မသတ်နိုင်ပါဘူး။ Antivirus Program ထဲမှာ Maleware ကို ဗိုင်းရပ်အဖြစ် မသတ်မှတ်လို့ မသတ်နိုင်တာပါ။ ရောက်လာသမျှ Maleware တွေကို သတ်ဖို့ Malewarebyte ကို ဒီနေရာမှာ ဒေါင်းလုပ်ရယူပြီး သင့်စက်မှာ အင်စတော လုပ်ထားပါ။ ထူးခြားချက်တစ်ခုက မဲဝဲလ်ဗိုက်ကို ပုံမှန်လေး အပ်ပဒိတ်လုပ်ပေးရပါမယ်။ အားနည်းချက်က သူ့ဘာသာ အော်တို အပ်ပဒိပ် လုပ်လေ့ မရှိပါဘူး။ နည်းနည်း ဆိုးတာက မကြာခဏဆိုသလို သူအလုပ်လုပ်နေတဲ့ အကြောင်းကို ခဏခဏ အလန်းတက်နေပါလိမ့်မယ်။
သံသယရှိတဲ့ ဆိုဒ်နဲ့ ဖိုင်တစ်ချို့ကို သူဘလော့လိုက်တယ်ဆိုတဲ့ အကြောင်းကို အချက်ပြတဲ့ အလန်းပါ။
                နောက်ဆော့ဝဲလ်လေးတစ်ခုကတော့ Super Anti Spyware ပါ။ ကွန်ပြူတာတိုင်းမှာလိုလို သူမရှိက စပိုင်ဝဲ တစ်ခုခု ကပ်နေတတ်တယ်လို့ ဆိုပါတယ်။ ကျနော်တို့ အန်တီဗိုင်းရပ်ပရိုဂရမ် ကြီးကြီးမားမား ရမ်းထားပေမဲ့ စက်လေးရတဲ့ အကြောင်းရင်းက အဲဒီ စပိုင်ဝဲကြောင့်ပါ။ သူက ကွန်ပြူတာထဲကို ဝင်ရောက်ဖို့ နောက်ပေါက်က အသာလေး တက်လာတယ်လို့ ပြောရပါမယ်။ စပိုင်ဝဲလ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အများကြီး ရှိပါတယ်။ ထရိုဂျန်တို့၊ ဝမ်းခ်တို့ ပေါ့။ အများအားဖြင့် စပိုင်ဝဲများဟာ ကွန်ပြူတာထဲမှာရှိတဲ့ သင့်ရဲ့ ဒယ်တာ အချက်အလက်တွေကို ဖန်တီးသူထံ ပို့ပေးလေ့ရှိသလို၊ စိတ်ရှိက ဖန်တီးသူအနေနဲ့ သင့်စက်ထဲကို အချိန်မရွေးဝင်နိုင်တယ်လို့ ဆိုပါတယ်။ အများအားဖြင့် စပိုင်ဝဲလ်ဟာ မိမိတို့ရဲ့ ကွန်ပြူတာထဲကို အလကားရတဲ့ ဆော့ဝဲလ်များ ဘာညာဘာညာ ဇာတ်ကားများနဲ့ ကပ်လျှက် တွဲပါလာလေ့ရှိပြီး အန်တီဗိုင်းရပ်အများစု အနေဖြင့် သူ့ကို သာမာန် ပရိုဂရမ် တစ်ခုအနေနဲ့ ဘာမှ လုပ်လေ့မရှိပါဘူး။

                 ရောက်လာသမျှ စပိုင်ဝဲလ်တွေကို သတ်ဖို့အတွက် ဒီနေရာမှာ  ဒီနေရာကို  ရယူပါ။
အထက်ပါ နှစ်ခုကို ဒေါင်းလုပ်ရယူ အင်စတော့ လုပ်ပြီးလျှင် သင့်အနေဖြင့် သင်နှစ်သက်ရာ အန်တီ ဗိုင်းရပ် ကြီးကြီးမားမားတစ်ခုကို ခိုင်ခိုင်မာမာ အင်စတော့ လုပ်ပါ။ ထိုသုံးခု ရှိလျှင် သင့်ကွန်ပြူတာ လုံခြုံပါပြီလို့ ပြောနိုင်ပါတယ်။ ကျနော့်အနေနဲ့တော့( ဘစ်ဒဖင်ဒါ + ကီး) နှင့် အေဗွီဂျီဖူး ကို တွဲသုံးဖို့ ပြောလိုပါတယ်။  ဒေါင်းလုပ် လုပ်ရန်အတွက် နှိပ်ပါ။

မူရင်းအတိုင်းသာ ပြန်လည်မျှဝေလိုက်တာပါ
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment